Danger Close (2019)
ရွေးချယ်ကြည့်ရှုနိုင်သော လင့်ခ်များ -
Danger Close (2019)
⭐ IMDB 6.5/10ဇာတ်ညွှန်းအကျဉ်း
ဗီယက်နမ်စစ်ပွဲကာလကို နောက်ခံထားပြီး ပြောရမှာပါ။ ဗီယက်နမ်နိုင်ငံက လောင်တန်လို့ခေါ်တဲ့ ရော်ဘာစိုက်ခင်းတွေနားမှာ ဩစတြေးလျနဲ့ နယူးဇီလန်က တိုက်ပွဲအတွေ့အကြုံမရှိတဲ့ လူငယ် ၁၀၈ ယောက်က မြောက်ဗီယက်နမ်နဲ့ ဗီယက်ကောင်းစစ်သားတွေကို သူသေကိုယ်သေ ခံချရတဲ့ ဖြစ်ရပ်မှန်ကို အခြေခံပြီး ဒါရိုက်တာ Kriv Stenders ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ မင်းသားကြီး Travis Fimmel ဦးဆောင်ပါဝင်ထားပါတယ်။ ဒီဇာတ်ကားရဲ့ ထူးခြားချက်က အသံပိုင်းဆိုင်ရာပါ။ နောက်ခံတေးဂီတရော၊ အသံဖမ်းပိုင်းရော တော်တော်မိုက်လို့ ဩစတြေးလျအကယ်ဒမီ AACTA မှာ အသံဆုနှစ်ဆုအတွက် ဆန်ကာတင်စာရင်း ဝင်ထားပါတယ်။