Following (2024)
ရွေးချယ်ကြည့်ရှုနိုင်သော လင့်ခ်များ -
Following (2024)
⭐ IMDB 6.5/10ဇာတ်ညွှန်းအကျဉ်း
အိမ်ခြံမြေအကျိုးဆောင်ပိုင်ရှင် ဂိုဂျောင်းထယ်ဆိုတဲ့ အမျိုးသားဟာ ဝါသနာအရ သူများအိမ်တွေထဲဝင်ပြီး စပ်စုတတ်တဲ့သူပါ။ အကျိုးဆောင်ဖြစ်တဲ့အလျောက် အိမ်ပိုင်ရှင်တွေရဲ့ အိမ်သော့တွေကို ထိန်းသိမ်းပေးရလို့လည်း ဝါသနာနဲ့ အလုပ်က ထပ်တူကျနေပါတယ်။ တစ်နေ့တော့ ဟန်ဆိုရာဆိုတဲ့ အမျိုးသမီးလေးအပေါ် အာရုံစိုက်မိပြီး သူ့ရဲ့နေအိမ်ထဲ ဝင်ရောက်ဖို့ ကြိုးစားပါတော့တယ်။ ဒါပေမဲ့ အိမ်လျှို့ဝှက်နံပါတ်မသိလို့ အခက်ကြုံနေချိန် ဟန်ဆိုရာက အိမ်ရောင်းဖို့အတွက် အိမ်သော့လာအပ်ပါတော့တယ်။ ဂိုဂျောင်းထယ်တစ်ယောက် စားရကံကြုံလို့ မုတ်ဆိတ်ပျားစွဲဆိုသလို ဟန်ဆိုရာအိမ်ကို အကန့်အသတ်မရှိ ခိုးကြောင်ခိုးဝှက် ဝင်ရောက်နေရင်းက တစ်ရက်မှာတော့ ဟန်ဆိုရာ သေဆုံးလျက်ရှိတဲ့ အလောင်းကို ကိုယ်တိုင်မြင်လိုက်ရပါတော့တယ်...