Bone Tomahawk (2015)
ရွေးချယ်ကြည့်ရှုနိုင်သော လင့်ခ်များ -
Bone Tomahawk (2015)
⭐ IMDB 7.1/10ဇာတ်ညွှန်းအကျဉ်း
ဇာတ်လမ်းအစမှာ ခရီးသွားတွေကို ဓားပြတိုက်သတ်ဖြတ်နေတဲ့ အိမ်ခြေရာမဲ့နှစ်ယောက်က ထွက်ပြေးရင်း လူရိုင်းတွေ ကြီးစိုးနေတဲ့ Valley of Starving Men ဆီ ရောက်သွားပါတယ်။ တစ်ယောက်က လူရိုင်းတွေ သတ်ဖြတ်စားသောက်တာကို ခံလိုက်ရပြီး ကျန်တစ်ယောက်က Bright Hope မြို့ကို ရောက်လာတဲ့အခါမှာ သူသာမက နောက်က လိုက်လာတဲ့ လူရိုင်းတွေပါ Bright Hope မြို့ကို ရောက်လာခဲ့ပါတယ်။ မြို့ပေါ်မှာ အရာရှိ ဖရန့်ကလင်းက ရာဇဝတ်သားရဲ့ ခြေထောက်ကို ပစ်ခတ်ဖမ်းဆီးလိုက်ရပါတယ်။ အဲဒီနောက် ခြေထောက်က သေနတ်ဒဏ်ရာကို ဆေးကုဖို့ မစ္စတာအိုဒီဝိုင်ယာရဲ့ အမျိုးသမီးကို အကူအညီတောင်းခဲ့ပြီး နောက်နေ့မနက်မှာတော့ ဆေးလာကုတဲ့ မစ္စစ်အိုဒီဝိုင်ယာရော၊ အရာရှိ ဖရန့်ကလင်းရဲ့ ညီနစ်ရော၊ အိမ်ခြေရာမဲ့ ရာဇဝတ်သားပါ လူရိုင်းတွေရဲ့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို ခံလိုက်ရပါတော့တယ်...