Personhood (2025) Full Sci-Fi Drama Romance Movie Watch Online
Personhood (2025)
⭐ IMDb 6.9/10
စပိန်နိုင်ငံရဲ့ကမ်းခြေတစ်ခုမှာ နေထိုင်တဲ့ ဝေလင် ဆိုတဲ့အမျိုးသားတစ်ယောက်၊ သူဟာ ပညာတတ်လူချမ်းသာတစ်ယောက်ဖြစ်လို့ ရုပ်၀တ္ထုပစ္စည်းတွေပြည့်စုံပေမယ့် မွေးရာပါ ခါးရိုးကောက်တဲ့ချို့ယွင်းချက်ကြောင့် လူမှုပတ်ဝန်းကျင်ရဲ့ဖယ်ကြဉ်ခြင်းကိုခံရပြီး အထီးကျန်နေသူပါ။
မေတ္တာတရားနဲ့အဖော်မွန်ကို ဆာငတ်နေရှာတဲ့ဝေလင်ဟာ တစ်နေ့မှာတော့ လူသားနဲ့တစ်ပုံစံတည်းတူပြီး သိပ်လှတဲ့ ဂါလာ အမည်ရှိ AI အဖော်ပြုစက်ရုပ်တစ်ရုပ်ကိုဝယ်ယူခဲ့ပါတယ်။ အဲ့ဒီစက်ရုပ်မလေးကို စက်ရုပ်တစ်ရုပ်လိုမဆက်ဆံပဲ၊ အထိန်းအကွပ်တွေကိုပယ်ဖျက်ပြီး၊ လူသားတစ်ယောက်လိုလုပ်ပိုင်ခွင့်တွေ၊ ခံစားနိုင်ခွင့်တွေ၊ ဗဟုသုတရှာမှီးနိုင်ခွင့်တွေကို ဖွင့်ပေးလိုက်ချိန်မှာတော့ သူတို့နှစ်ယောက်ကြားမှာ သံယောဇဉ်တွေ နက်ရှိုင်းလာပြီး စိတ်ချင်းနီးစပ်လာပါတော့တယ်။
