Office Romance (2026) Full Romantic Comedy Movie Watch Online
Office Romance (2026)
⭐ IMDb 7.0/10
Jackie (Jennifer Lopez) ဟာ Air Cruz လေကြောင်းလိုင်းရဲ့ CEO တစ်ယောက်ဖြစ်ပြီး အလုပ်ကို အရမ်းဖိလုပ်တတ်တဲ့အပြင် သူ့ကုမ္ပဏီထဲက ဝန်ထမ်းတွေ ရုံးတွင်းရည်းစားမထားရဆိုတဲ့ စည်းကမ်းကိုလည်း တင်းတင်းကျပ်ကျပ် ကိုင်တွယ်ထားသူပါ။
တစ်နေ့မှာ ကုမ္ပဏီကို ရှေ့နေအသစ် Daniel (Brett Goldstein) ရောက်လာပါတယ်။ Daniel က အလုပ်လည်းတော်သလို အရမ်းလည်း ဆွဲဆောင်မှုရှိနေတော့ Jackie တစ်ယောက် သူချမှတ်ထားတဲ့ စည်းကမ်းကို ကိုယ်တိုင်ချိုးဖောက်ပြီး Daniel နဲ့ လျှို့ဝှက်ဆက်ဆံရေး စတင်လိုက်ပါတယ်။ရုံးမှာ တခြားသူတွေ မရိပ်မိအောင် ခိုးကြောင်ခိုးဝှက် တွဲရတဲ့ အလွဲလေးတွေ၊ အချစ်ရေးနဲ့ အလုပ်အကိုင်ကြားက ရုန်းကန်ရမှုတွေကို ဟာသသွေးပြီး ရိုက်ကူးထားတဲ့ ဒီဇာတ်ကားမှာ Jackie အတွက် နောက်ဆုံးရွေးချယ်မှုက အလုပ်လား၊ အချစ်လား။
