Our House (2025) Full Horror Thriller Movie Watch Online
Our House (2025)
⭐ IMDb 5.8/10
မိသားစုတစ်ခုကို ပိုင်ဆိုင်ရပြီဆို ပထမဆုံး လိုချင်လာတာ အိမ်လေးတစ်လုံးပါပဲ။အရောင်းဌာနဝန်ထမ်း ဝင်းနဲ့ ဖတ်တို့လင်မယားလည်း ဒီလိုပဲပေါ့။ဖြစ်ချင်တော့ ဖတ်ကလည်း ကိုယ်လေးလက်ဝန်နဲ့ဆိုတော့ ကိုယ်ပိုင်အိမ်လေးတစ်လုံးရဖို့ ဖတ်တစ်ယောက် အပူတပြင်းကြိုးစားချိန်မှာ ဘတ် ၃ သန်းပဲပေးရတဲ့ သစ်သားလုံးချင်းအိမ်လေးကို မျက်စိကျသွားပါတယ်။ဈေးသက်သာပေမဲ့ အိမ်အကောင်းစားဖြစ်နေတဲ့အတွက် ကံစမ်းမဲပေါက်သလို ဝင်းတစ်ယောက် ဝမ်းသာပီတိဖြာနေတာပေါ့လေ။
ဒါပေမဲ့ ဈေးသက်သာလွန်းနေတဲ့ဒီအိမ်ကြီးရဲ့ နောက်ကွယ်ကပြဿနာတွေကိုတော့ ဝင်းရောဖတ်ပါ သတိမထားမိခဲ့သလို သံသယလည်းမဝင်ခဲ့ပါဘူး။ဒါပေမဲ့ အိမ်စပြင်ချိန်ကစလို့ သဘာဝလွန်ဖြစ်ရပ်တွေ တစ်ခုပြီးတစ်ခုကြုံလာရတဲ့အခါ……… ဒီအိမ်ကြီးမှာရှိနေတာ သူတို့လင်မယားပဲ မဟုတ်နေတဲ့အပြင် အိမ်နီးချင်းတွေကပါ သာမန်မဟုတ်တာကို သိလိုက်ရချိန်မှာတော့………
