Maundy Thursday (2006) Full Drama Romance Movie Watch Online
Maundy Thursday (2006)
⭐ IMDb 7.4/10
ယူဂျောင်း ဟာ ချမ်းသာတဲ့မိသားစုက တက္ကသိုလ်ကထိက်တစ်ယောက်ဖြစ်ပေမယ့် အတိတ်က အဖြစ်အပျက်တစ်ခုကြောင့် သေကြောင်းကြံစည်ဖို့ ၃ ကြိမ်တိုင် ကြိုးစားခဲ့သူပါ။ သူမရဲ့ အဒေါ်ဖြစ်သူ (သီလရှင်) ရဲ့ တိုက်တွန်းမှုကြောင့် ထောင်ထဲက သေဒဏ်ကျအကျဉ်းသားတွေကို သွားရောက်တွေ့ဆုံတဲ့ အလုပ်ကို လုပ်နေပါတယ်။အဲဒီမှာ သူမနဲ့ ဆုံတွေ့ခဲ့တာက ယွန်းဆူ လို့ခေါ်တဲ့ အကျဉ်းသားပါ။ သူဟာ ဆင်းရဲလွန်းလှတဲ့ ဘဝနောက်ခံ၊ စိတ်ဒဏ်ရာတွေနဲ့အတူ လူသတ်မှုကျူးလွန်ခဲ့လို့ ကြိုးပေးခံရမယ့်ရက်ကို စောင့်ဆိုင်းနေရတဲ့ သေဒဏ်ကျအကျဉ်းသားတစ်ယောက်ပါ။ဘဝကို အဆုံးသတ်ချင်နေတဲ့ လူနှစ်ယောက်ဟာ ကြာသပတေးနေ့တိုင်း ထောင်ဝင်စာခန်းထဲမှာ ဆုံတွေ့ကြပြီး တစ်ယောက်ရဲ့ ဒဏ်ရာကို တစ်ယောက်က နားလည်ပေးလာကြပါတယ်။ တဖြည်းဖြည်းနဲ့ သူတို့ဘဝမှာ ပျော်ရွှင်မှုကို ရှာတွေ့လာချိန်မှာတော့...
