Daagi (2025) Full Drama Romance Movie Watch Online
Daagi (2025)
⭐ IMDb 6.1/10
ဇာရင်းနဲ့ နီရှန်ဟာ အတန်းဖော်တွေကနေ ချစ်သူတွေဖြစ်လာပြီး အိမ်ထောင်ပြုဖို့ အိပ်မက်မက်ခဲ့ကြတယ်။ ဇာရင်းက ဘွဲ့ရပညာတတ်၊ နီရှန်ကတော့ စီးပွားရေးလုပ်မယ်ဆိုပြီး လေလွင့်နေခဲ့တယ်။ဇာရင်းရဲ့မိဘတွေက နီရှန်ကို သဘောမကျဘူး။ အဖေကိုယ်တိုင်တောင် ဇာရင်းကို ချွေးမတော်ရမှာ နှမြောတယ်လို့ ပြောမိတဲ့အထိပါ။ဒါနဲ့ နီရှန်က စီးပွားရေးလုပ်ဖို့ အိမ်ကနေ ထွက်သွားတယ်။ သုံးနှစ်ကြာ သက်စွန့်ဆံဖျား ကြိုးစားပြီး အောင်မြင်မှုတွေရယူကာ အိမ်ပြန်လာတယ်။အိမ်ရောက်တဲ့အခါ သူကြားလိုက်ရတာက… ဇာရင်းရဲ့ မင်္ဂလာသတင်း။
တစ်ချိန်က သူ့အနာဂတ်ဇနီးဖြစ်မယ်လို့ ထင်ခဲ့တဲ့မိန်းကလေး အခု တစ်ယောက်ရဲ့ သတို့သမီးဖြစ်နေပြီ။စိတ်မထိန်းနိုင်ဘဲ ပွဲကြမ်းမိတဲ့ နီရှန်။ ဒါပေမဲ့ ကံကြမ္မာက သူ့ကို နောက်ထပ် ဘယ်လိုမထင်ထားတဲ့ လမ်းကြောင်းတွေဆီ ခေါ်သွားမလဲ…
