Suzuki Bakudan (2025) Full Thriller Mystery Movie Watch Online
Suzuki Bakudan (2025)
⭐ IMDb 7.6/10
အရက်မူးပြီး ခိုက်ရန်ဖြစ်ပွားလို့ ရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ အမျိုးသားတစ်ယောက်။ စစ်ဆေးချိန်မှာ ဆူဇူကီး တာဂိုဆာကုဆိုတဲ့ နာမည်တစ်လုံးကလွဲရင် ဘာမှမမှတ်မိတော့ဘူးလို့ ဘူးခံငြင်းနေသူ။ သူ့မှာ ဆဌမအာရုံရှိကြောင်း၊ မကြာခင် အာခီဟာဘာရာမှာ ဗုံးပေါက်ကွဲတော့မယ်ဆိုတဲ့ အကြောင်း ပြောလာပါတယ်။ တကယ်လည်း ဗုံးတွေ ပေါက်ကွဲလာတဲ့အခါ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ပါ ရောက်လာပြီး သူ့ကို အထူးဂရုစိုက်ကာ စုံစမ်းစစ်ဆေးရပါတော့တယ်။ ဒါပေမဲ့ ဆူဇူကီးက စုံထောက်တွေကို "ဉာဏ်စမ်းပဟေဠိ"တွေနဲ့ သဲလွန်စအရိပ်အမြွက်တွေသာ ပေးနေခဲ့ပါတယ်။ တိုကျိုမြို့အနှံ့ ဗုံးခွဲမယ့် အရက်သမား ဆူဇူကီးရဲ့ ဉာဏ်စမ်းဂိမ်းနဲ့ အကြမ်းဖက်တဲ့လုပ်ရပ်ရဲ့ အကြောင်းရင်းခံကို ရဲတွေ အချိန်မီ ဖော်ထုတ်နိုင်ပြီး ဗုံးတွေကို တားဆီးနိုင်မလားဆိုတာကို ရင်တထိတ်ထိတ် ကြည့်ရှုလိုက်ပါ။
