Match Fixing (2025) Full Thriller Movie Watch Online
Match Fixing (2025)
⭐ IMDb 5.7/10
ရုပ်ရှင်နာမည်ကို ကြည့်လိုက်ရင် အားကစားဇာတ်ကားလို့ ထင်ရပေမယ့် တကယ်တမ်းကျတော့ အိန္ဒိယ-ပါကစ္စတန်ကြားက ဟိန္ဒူ-မွတ်ဆလင် ဘာသာရေးအဓိကရုဏ်းကို မီးတောက်စေမယ့် နိုင်ငံရေးကစားပွဲကြီးကို ပုံဖော်ထားတဲ့ ဇာတ်ကားပါ။ ဆမ်ဂျော့တာအမြန်ရထား ဗုံးဖောက်ခွဲမှုကြောင့် အသက်ဆုံးရှုံးသူ၊ ဒဏ်ရာရသူတွေ များပြားခဲ့ပြီးနောက် နှစ်နိုင်ငံကြား အပြစ်ပြန်လွှဲမှုတွေ ဖြစ်ပေါ်လာပါတယ်။ ဒီအချိန်မှာ ပါကစ္စတန်က အိန္ဒိယကို ထိခိုက်နစ်နာစေဖို့နဲ့ ဘာသာရေးအဓိကရုဏ်းတစ်ခု ဖန်တီးဖို့အတွက် အကြမ်းဖက်အုပ်စုတွေကို ဆက်တိုက်ဖြိုခွင်းနေတဲ့ ရဲရင့်တဲ့ စစ်ဗိုလ်မှူး အာဗီနက်ရှ်ကို ပစ်မှတ်ထားလိုက်ကြတဲ့အခါမှာ… နိုင်ငံရေး၊ ဘာသာရေးနဲ့ ထောက်လှမ်းရေးတွေ ရောယှက်နေတဲ့ ဒီသည်းထိတ်ရင်ဖိုဇာတ်ကားကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုလိုက်ပါ။
