Border 2 (2026) Full Movie | Watch Online & Download HD

တိုက်ရိုက်ကြည့်လို့ အဝိုင်းလည်နေပါက
အောက်က Download Movie ကို နှိပ်ပြီး ဒေါင်းပြီး ကြည့်ပါ။
Border 2 (2026)
IMDb ⭐ 6.9/10
1997ခုနှစ်ကတည်းက ထွက်ရှိထားခဲ့တဲ့ မင်းသားကြီးဆန်နီဒိုးရဲ့ Border(1997)ရဲ့ဒုတိယမြောက်ရုပ်ရှင်ပေါ့။ ဒီရုပ်ရှင်မှာတော့ ဗာရွန်နဲ့ ဒီဂျစ်တို့လို မင်းသားငယ်တွေပါ အဓိကပါဝင်အားဖြည့်ထားပြီး ဒေါ်လာငါးဆယ့်ငါးသန်းဝင်းကျင် ရရှိခဲ့တဲ့ ရုံတင်ကားကြီးပဲဖြစ်ပါတယ်။

၁၉၇၁ခုနှစ် အိန္ဒိယ-ပါကစ္စတန်စစ်ပွဲအတွင်းက ဖြစ်ရပ်မှန်တွေကို အခြေခံထားပြီးတော့ အိန္ဒိယစစ်သားတွေရဲ့ သင်တန်းက အစချီပြီး တိုက်ပွဲအတွေ့အကြုံနဲ့ မိသားစု၊ မိတ်ဆွေသံယောဇဉ်တွေကိုပုံဖော်ရိုက်ကူးထားပါတယ်။ ပါကစ္စတန်ရဲ့ ထိုးစစ်ကို ခုခံကာကွယ်ဖို့ အိန္ဒိယစစ်တပ်က ကြည်း၊ ရေ၊ လေ တပ်ဖွဲ့ဝင်သုံးဖွဲ့စလုံးကိုပူးတွဲသင်တန်း ဆင်းခိုင်းခဲ့ပါတယ်။

အစပိုင်းမှာ တစ်ဖွဲ့နဲ့တစ်ဖွဲ့ သူသာကိုယ်သာ ပြိုင်ကြပေမဲ့ နောက်ပိုင်းညီကိုရင်းပမာသွေးစည်းသွားကြပြီး တိုက်ပွဲတွင်းအဖြစ်အပျက်တွေကို ခမ်းခမ်းနားနားတင်ဆက်ထားတာမို့ခံစားကြည့်ရှုကြပါဦး။